ဇူလိုင် ၃၀ရက် ရွှေတိဂုံစေတီတော်ကြီးအပါအ၀င် ဘုရားစေတီများအားလုံးဖွင့်ပြီ
ဇူလိုင် ၃၀ရက် ရွှေတိဂုံစေတီတော်ကြီးအပါအ၀င် ဘုရားစေတီများအားလုံးဖွင့်ပြီ
ရွှေတိဂုံစေတီတော်ကြီးအပါအ၀င် ရန်ကုန်တိုင်းအတွင်းရှိ ဘုရားစေတီများအားလုံး ဇူလိုင် ၃၀ ရက်တွင် ပြန်ဖွင့်မည်သမိုင်ဝင်း ရွှေတိဂုံစေတီတော်အပါအ၀င် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိဘုရားစေတီတော်များအားလုံးကို ဇူလိုင် ၃၀ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်ကာလအတွင်း ရောဂါဖြစ်ပွားမှုပျံ့နှံ့မှုကိုထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိဘုရားစေတီများအားလုံးကို ပြီးခဲ့သည့် မတ်လမှစတင်၍ ဖူးမြော်ခွင့်ကို ယာယီပိတ်ထားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီတော်များအားလုံးကို ဇူလိုင် ၃၀ ရက် နံနက်၎ နာရီမှစ၍ ကိုဗစ်ရောဂါကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြားချက်များ၊ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေးဂေါပကအဖွဲ့များအား ဆက်လက်အသိပေးဆောင်ရွက်သွားရန်ဇူလိုင်၂၈ ရက် ရက်စွဲဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ကိုယ်စား ဒုညွှန်ကြားရေးမှူး ဒေါ်ခင်လှမြင့်ကလက်မှတ်ထိုးထားသည် အကြောင်းကြားစာ ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်ဒေးသကြီး မြို့တွင်းဧရိယာအတွင်းရှိ ဘုရားစေတီများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးဦးဆောင်သည့် စစ်ဆေးရေးအဖွဲ့မှ ကြီးကြပ်စစ်ဆေးသွားမည်ဖြစ်ကြောင်း၊မြို့ပြင်ရှိ ဘုရား၊စေတီများအား သက်ဆိုင်ရာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှကိုဗစ်ကော်မတီဝင်များဖြင့် စစ်ဆေးဆောင်ရွက်သွားရန်၊ စစ်ဆေးပြီးစီးမှုအား မစောင့်ဆိုင်းဘဲဇူလိုင် ၃၀ရက်နေ့မှစ၍ ဖွင့်လှစ်ပေးသွားရန်နှင့် အဖွဲ့များမှလည်း သတ်မှတ်ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ထားမှုအခြေအနေအား စစ်ဆေးသွားမည်ဖြစ်ကြောင်း ယင်းအကြောင်းကြားစာတွင်ဖော်ပြထားသည်။
Unicode
ရွှေတိိဂုံစေတီတော်ကြီးအပါအဝင် ရန်ကုန်တိုင်းအတွင်းရှိိ ဘုရားစေတီများအားလုံး ဇူလိိုင် ၃၀ ရက်တွင် ပြန်ဖွင့်မည််သမိိုင်ဝင်း ရွှေတိဂုံစေတီတော်အပါအဝင် ရန်ကုန်တိိုင်းဒေသကြီးအတွင်းရှိဘုရားစေတီတော်များအားလုံးကို ဇူလိုင် ၃၀ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ကိိုဗစ်ကာလအတွင်း ရောဂါဖြစ်ပွားမှုပျံ့နှံ့မှုကိုထိိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများအားလုံးကို ပြီးခဲ့သည့် မတ်လမှစတင်၍ ဖူးမြော်ခွင့်ကို ယာယီပိတ်ထားခဲ့သည်။ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီတော်များအားလုံးကို ဇူလိိုင် ၃၀ ရက် နံနက်၄ နာရီမှစ၍ ကိုဗစ်ရောဂါကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်အမိိန့်၊ ညွှန်ကြားချက်များ၊ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေးဂေါပကအဖွဲ့များအား ဆက်လက်အသိပေးဆောင်ရွက်သွားရန််ဇူလိုုင်၂၈ ရက် ရက်စွဲဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ကိိုယ်စား ဒုညွှန်ကြားရေးမှူးဒေါ်ခင်လှမြင့်ကလက်မှတ်ထိုးထားသည် အကြောင်းကြားစာ ထုတ်ပြန်ထားသည်။
“ရန်ကုန်ထဲမှာရှိိတဲ့ ဘုရားတွေ သုံးဆယ်ရက်နေ့ဖွင့်မယ်ဆိိုတာ ဟုတ်ရင်လည်း ဟုတ်လောက်တယ်။ဒါပေမယ့် ဗိုလ်တထောင်ဘုရားမှာတော့ လက်ရှိတည်ဆောက်ရေးလုပ်ငန်းတွေလုပ်နေတယ်။တည်ဆောင်ရေးလုပ်ငန််းတွေက အာရုံခံတန်ဆောင်းတည်ဆောက်တဲ့လုပ်ငန်းတွေ၊ ကြွေပြာခင်းတဲ့လုပ်ငန်းတွေ၊ရေစီရေလာကောင်းဖိို့ ရေးမြောင်းတူးတဲ့လုပ်ငန်းတွေ လုပ်တဲ့အတွက်ကြောင့်လူတွေလာရောက်ဖူးရင် နေရာအခက်အခဲဖြစ်တဲ့အတွက်ကြောင့် လောလောဆယ်လကုန်တဲ့အထိ ကျွန်တော်တို့ ဗိိုလ်တထောင်ဘုရားကိုဖွင့်ဖို့ အစီအစဉ်မရှိသေးဘူး”ဟုဗိုလ်တထောင်စေတီတော် ဂေါပကအဖွဲ့ရုံးအဖွဲ့မှူး ဦးကျော်နိိုင်ထွန်းက ပြောသည်။
ရန်ကုန်တိုင်ဒေးသကြီး မြို့တွင်းဧရိယာအတွင်းရှိ ဘုရားစေတီများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးဦးဆောင်သည့် စစ်ဆေးရေးအဖွဲ့မှ ကြီးကြပ်စစ်ဆေးသွားမည်ဖြစ်ကြောင်း၊မြို့ပြင်ရှိ ဘုရား၊စေတီများအား သက်ဆိုင်ရာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှကိိုဗစ်ကော်မတီဝင်များဖြင့် စစ်ဆေးဆောင်ရွက်သွားရန်၊ စစ်ဆေးပြီးစီးမှုအား မစောင့်ဆိုင်းဘဲဇူလိိုင် ၃၀ရက်နေ့မှစ၍ ဖွင့်လှစ်ပေးသွားရန်နှင့် အဖွဲ့များမှလည်း သတ်မှတ်ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ထားမှုအခြေအနေအား စစ်ဆေးသွားမည်ဖြစ်ကြောင်း ယင်းအကြောင်းကြားစာတွင်ဖော်ပြထားသည်။
Author Image
admin
Leave a Reply
Your email address will not be published. Required fields are marked *