မလွတဲ့အိမ္ေထာင္႐ွင္မ မ႐ွိဘူး…အသုံးမက်တဲ့ အိမ္ေထာင္ဦးစီးပဲ ႐ွိတယ္။

မလွတဲ့အိမ္ေထာင္႐ွင္မ မ႐ွိဘူး…အသုံးမက်တဲ့ အိမ္ေထာင္ဦးစီးပဲ ႐ွိတယ္။

ဘဝဆိုတာ ျဖတ္သန္းရျခင္း တစ္ခုမၽွသာပဲ . . .။ အခ်ိဴ႕က ဘဝလက္တြဲေဖာ္ ရတတ္ေပမယ့္ အခ်ိဳ႕ကေတာ့ ကံဆိုးစြာ ဘဝေျခထိုးေဖာ္သာ ရတတ္ပါတယ္ . . .။ အိမ္ေထာင္ျပဳတယ္ဆိုတာ အိတ္ပိတ္ကံစမ္းရသလိုပါပဲ။ အျပင္ပန္းကေတာ့ ေရြးတာပဲ။ အထဲမွာ ပါခ်င္ရာပါတတ္တာ။ အခန႔္မသင့္ရင္ ဘယ္ေတာ့မွ မေပါက္မယ့္ ထီလက္မွတ္ေဟာင္းႀကီးနဲ႔

က္ထပ္ရသလို ျဖစ္ႏိုင္ေသးတယ္ . . .။ အိမ္ေထာင္ေရး သာယာေနရင္ေတာ့ အိမ္ေထာင္က်ရတာ သိပ္ေတာ့ မဆိုးရွာပါဘူး။ အိမ္ေထာင္ေရးမသာယာရင္ေတာ့ စိတ္ဆင္းရဲရတာနဲ႔ သက္တမ္းတိုမယ္။ ႐ုပ္အိုမယ္။ ေငြေၾကး အဆင္ေျပေနရင္ ခံသာေသး။ အိမ္ေထာင္ေရး အဆင္မေျပရတဲ့ၾကား ေငြေၾကးပါ အဆင္မေျပ၊ ဒီၾကားထဲ အိမ္ေထာင္ေရးပါေဖာက္ျပန္လာရင္ေတာ့ ဒုကၡနဲ႔လွလွႀကီးေတြ႕ ေတာ့တာပါပဲ . . .။ အိမ္ေထာင္ရွင္ အမ်ိဳးသမီးေတြရဲ႕ ဘဝက မလြယ္ပါဘူး . . .။ အိမ္ေထာင္သည္ျဖစ္လာလို႔ ကေလးမယူေသးရင္ ကေလးမရေအာင္ ေဆးထိုးေဆးစား လုပ္ရပါလိမ့္မယ္။ ေဆးနဲ႔မတည့္သူဆို အသားေတြ မြဲလာမယ္။ အသားေတြ ပြလာမယ္။ အဆီေတြ တက္လာမယ္။ ဒါမွမဟုတ္ မတရား ပိန္လာမယ္။

ဗိုက္ေခါက္ေတြ ထြက္လာပါမယ္ . . .။ ကိုယ္ဝန္ေဆာင္ၿပီး ကေလးေမြးၿပီးျပန္ေတာ့လည္း ဗိုက္က ခ်က္ခ်င္းပိန္မသြားပါဘူး။ ပူစီေပါင္း ေလေလၽွာ့လိုက္သလို အသားေတြ တြဲလာမယ္။ အေၾကာျပတ္ရာေတြနဲ႔ လွခ်င္တိုင္း လွလာနိုင္ေတာ့မွာ မဟုတ္ပါဘူး . . .။ ကေလးမ်ား ရလာေတာ့ ပိုေျခခ်ဳပ္မိပါၿပီ။ ညည ကေလးကငို၊ ေသးကစို အိပ္ေရးကပ်က္ ကိုယ္ခ်င္းစာတရားရွိတဲ့ ေယာက္်ားဆို ေတာ္ပါေသး။ မဟုတ္ရင္ေတာ့ လူ႐ုပ္ေတာင္ ေပၚမွာ မဟုတ္ဘူး . . .။ မိန္းမျဖစ္ရဘဝမလြယ္ပါဘူး။ လူမဆန္ကိုယ္ခ်င္းစာတရား အသိတရားမရွိတဲ့ တစ္ခ်ိဳ႕ေယာက်္ားေတ ြ ယူခါစတုန္းကလို မလွမပျဖစ္ေနတဲ့ မိန္းမေတြကို စိတ္ကုန္တယ္ေလနဲ႔ ျဖစ္ရျပန္တယ္ . . .။

ရွာတဲ့ပိုက္ဆံက ႏွစ္ပဲေျခာက္ျပားနဲ႔ အိမ္ကမိန္းမကို စိတ္ကုန္ရတယ္ ေျပာထြက္ရဲေသး . . .၊ ေပးလိုက္ေလ ပိုက္ဆံမ်ားမ်ား၊ တစ္ကိုယ္လုံး ေပါင္းအထပ္ထပ္ တင္ခိုင္းလိုက္ ဆံပင္ကစလို႔ ေျခမေျခသည္းခြံထိ ပိုက္ဆံေပးရင္ လွေအာင္ျပင္လို႔ရတယ္ . . .။ ညီညီေမာင္(စမ္းေခ်ာင္း)ကေန ကြင္းသုသုလို ႂကြႂကြရြရြ ျဖစ္နိုင္တဲ့ေခတ္မွာ ကိုယ့္မိန္းမကိုယ္ ေငြပုံေပးၿပီး အလွျပင္ခိုင္းလိုက္ေလ . . .။ တစ္ခ်ိဳ႕ေယာက္်ားေတြ ကိုယ္တိုင္က အသုံးမက်ဘဲ ကိုယ့္မိန္းမ မလွႏိုင္တာကို အျပစ္တင္ေနတတ္ၾကတယ္ . . .။ မလွတဲ့ အိမ္ေထာင္ရွင္မ မရွိဘူး။ အသုံးမက်တဲ့ အိမ္ေထာင္ဦးစီးပဲ ရွိပါတယ္ . . .။ မိန္းမေတြမ်ားစုက အိမ္ေထာင္က် ကေလးေတြရလာၿပီဆိုရင္ သူတို႔စိတ္နဲ႔ခႏၶာက လင္ေယာက်္ားနဲ႔ သားသမီးအတြက္ပဲ အစစရာရာ ဦးစားေပးစဥ္းစားတတ္ၾကတယ္။ သူ႔တို႔အတြက္ကို သူတို႔အခ်ိန္ေပးဖို႔ ေမ့သြားတတ္ၾကပါတယ္ . . .။

သူတို႔ကိုယ္သူတို႔ အရင္ကလိုလွလွပပ မေနေတာ့ပဲ ဖိုတီဖတ္သပ္ျဖစ္ေနရျခင္းက သူတို႔ရဲ့ရင္ေသြးေလေတြအတြက္ ပိုက္ဆံေတြစုၿပီး ေကာင္းေကာင္း ျပဳစုပ်ိဳးေထာင္ႏိုင္ဖို႔ အတြက္ပါ . . .။ ကိုယ့္အတြက္ ဘဝတစ္ခုလုံးပုံအပ္ထားတဲ့ မိန္းမကို အလွတစ္ခုထဲကို ၾကည့္ၿပီး စိတ္ပ်က္စရာလို႔ျမင္ရင္…. .အခ်ိန္ကိုၾကည့္…..အရြယ္ကိုၾကည့္……ေတြးရေျပာရထိန္းခ်ဳပ္ရတဲ့ အရာေတြကိုၾကည့္ေလ …။ ၁၈ႏွစ္နဲ႔၃၈ႏွစ္မတူနိုင္သလို ၁၈ႏွစ္အေတြးနဲ႔၃၈ႏွစ္အေတြး ကြာဟမယ္ေလ။ အိမ္ေထာင္ရွင္ဇနီးတာဝန္ဝတၱရားေတြႀကီးလာေလ ။

သူတို႔ရဲ႕ ႐ုပ္ခႏၶာကိုယ္ေတြ ပ်က္စီးယိုယြင္းလာေလပါပဲ။ လူပဲဘာသားနဲ႔ ထုထားတာမို႔လဲ အေသြးသားနဲ႔ တည္ေဆာက္ထားတာေလေနာ္ …။ ယူထားတုန္းကေတာ့ ဆယ္ေက်ာ္သက္/ႏွစ္ဆယ္ေက်ာ္ေလး ငယ္ရွိန္နဲ႔လွပႏုပ်ိဳခ်ိန္ ၊ အဲဒီလိုႏုပ်ိဴျမစ္ျခင္းေတြ စားသုံးၿပီး အရြယ္ေတြက်လာ သားသမီးေတြေမြးေပး၊ ကိုယ့္လက္ထဲေရာက္လာမွ အခ်ိန္ၾကာလာတာနဲ႔အမၽွ အရင္ကလ မလွမပျဖစ္လာတာ ကိုယ့္ပေရာဂေၾကာင့္လား ဆိုတာလည္း ထည့္စဥ္းစားတတ္ရပါမယ္ . . .။

ကိုယ္ယူထားတဲ့ဇနီးမယားအေပၚ ဘယ္ေလာက္တာဝန္ေက်ခဲ့လဲ၊ အပ်ိဳဘဝမွာ ေနခ်င္သလိုေန စားခ်င္သလိုစား လွလွပပျဖစ္ေနတဲ့မိန္းမတစ္ေယာက္ အခုသူမ ဘာေၾကာင့္မလွမပျဖစ္ေနရလဲ၊ သူမလွပေအာင္ သင္ဘယ္ေလာက္ပံ့ပိုးေပးနိုင္ခဲ့လဲ၊ သူမအရင္ကလိုမလွပနိုင္ေတာ့တာ ဘာေၾကာင့္လဲ . . .၊ အရင္က အရမ္းစိတ္သေဘာထားေကာင္းတဲ့ မိန္းမတစ္ေယာက္က အခုမွစိတ္မၾကည္မရႊင္ စိတ္ဆိုးစိတ္ေကာက္ျဖစ္ေနရတာ သင္ကိုယ္တိုင္ မိသားစုအေပၚ တာဝန္ေက်ခဲ့ရဲ့လား၊ အိမ္ေထာင္ရွင္ အမ်ိဳးသားမ်ား တရားမၽွတစြာ ေတြးတတ္ၾကပါေစ . . .။ သင္ယူထားတဲ့မိန္းမ သင့္အတြက္အခ်ိန္မေပးေတာ့ပဲ ကိုယ့္ဟာကိုယ္ အခ်ိန္ျပန္ေပးတဲ့အခ်ိန္ၾကရင္ အရင္ကထက္ အဆတစ္ရာ ျပန္ လွလာနိုင္တယ္ဆိုတာ သင္မေမ့ပါနဲ႔ေနာ္ . . .။

Unicode

ဘဝဆိုတာ ဖြတ်သန်းရခြင်း တစ်ခုမျှသာပဲ . . .။ အချိူ့က ဘဝလက်တွဲဖော် ရတတ်ပေမယ့် အချို့ကတော့ ကံဆိုးစွာ ဘဝခြေထိုးဖော်သာ ရတတ်ပါတယ် . . .။ အိမ်ထောင်ပြုတယ်ဆိုတာ အိတ်ပိတ်ကံစမ်းရသလိုပါပဲ။ အပြင်ပန်းကတော့ ရွေးတာပဲ။ အထဲမှာ ပါချင်ရာပါတတ်တာ။ အခန့်မသင့်ရင် ဘယ်တော့မှ မပေါက်မယ့် ထီလက်မှတ်ဟောင်းကြီးနဲ့

က်ထပ်ရသလို ဖြစ်နိုင်သေးတယ် . . .။ အိမ်ထောင်ရေး သာယာနေရင်တော့ အိမ်ထောင်ကျရတာ သိပ်တော့ မဆိုးရှာပါဘူး။ အိမ်ထောင်ရေးမသာယာရင်တော့ စိတ်ဆင်းရဲရတာနဲ့ သက်တမ်းတိုမယ်။ ရုပ်အိုမယ်။ ငွေကြေး အဆင်ပြေနေရင် ခံသာသေး။ အိမ်ထောင်ရေး အဆင်မပြေရတဲ့ကြား ငွေကြေးပါ အဆင်မပြေ၊ ဒီကြားထဲ အိမ်ထောင်ရေးပါဖောက်ပြန်လာရင်တော့ ဒုက္ခနဲ့လှလှကြီးတွေ့ တော့တာပါပဲ . . .။ အိမ်ထောင်ရှင် အမျိုးသမီးတွေရဲ့ ဘဝက မလွယ်ပါဘူး . . .။ အိမ်ထောင်သည်ဖြစ်လာလို့ ကလေးမယူသေးရင် ကလေးမရအောင် ဆေးထိုးဆေးစား လုပ်ရပါလိမ့်မယ်။ ဆေးနဲ့မတည့်သူဆို အသားတွေ မွဲလာမယ်။ အသားတွေ ပွလာမယ်။ အဆီတွေ တက်လာမယ်။ ဒါမှမဟုတ် မတရား ပိန်လာမယ်။

ဗိုက်ခေါက်တွေ ထွက်လာပါမယ် . . .။ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးပြီးပြန်တော့လည်း ဗိုက်က ချက်ချင်းပိန်မသွားပါဘူး။ ပူစီပေါင်း လေလျှော့လိုက်သလို အသားတွေ တွဲလာမယ်။ အကြောပြတ်ရာတွေနဲ့ လှချင်တိုင်း လှလာနိုင်တော့မှာ မဟုတ်ပါဘူး . . .။ ကလေးများ ရလာတော့ ပိုခြေချုပ်မိပါပြီ။ ညည ကလေးကငို၊ သေးကစို အိပ်ရေးကပျက် ကိုယ်ချင်းစာတရားရှိတဲ့ ယောက်ျားဆို တော်ပါသေး။ မဟုတ်ရင်တော့ လူရုပ်တောင် ပေါ်မှာ မဟုတ်ဘူး . . .။ မိန်းမဖြစ်ရဘဝမလွယ်ပါဘူး။ လူမဆန်ကိုယ်ချင်းစာတရား အသိတရားမရှိတဲ့ တစ်ချို့ယောကျ်ားတေ ွ ယူခါစတုန်းကလို မလှမပဖြစ်နေတဲ့ မိန်းမတွေကို စိတ်ကုန်တယ်လေနဲ့ ဖြစ်ရပြန်တယ် . . .။

ရှာတဲ့ပိုက်ဆံက နှစ်ပဲခြောက်ပြားနဲ့ အိမ်ကမိန်းမကို စိတ်ကုန်ရတယ် ပြောထွက်ရဲသေး . . .၊ ပေးလိုက်လေ ပိုက်ဆံများများ၊ တစ်ကိုယ်လုံး ပေါင်းအထပ်ထပ် တင်ခိုင်းလိုက် ဆံပင်ကစလို့ ခြေမခြေသည်းခွံထိ ပိုက်ဆံပေးရင် လှအောင်ပြင်လို့ရတယ် . . .။ ညီညီမောင်(စမ်းချောင်း)ကနေ ကွင်းသုသုလို ကြွကြွရွရွ ဖြစ်နိုင်တဲ့ခေတ်မှာ ကိုယ့်မိန်းမကိုယ် ငွေပုံပေးပြီး အလှပြင်ခိုင်းလိုက်လေ . . .။ တစ်ချို့ယောက်ျားတွေ ကိုယ်တိုင်က အသုံးမကျဘဲ ကိုယ့်မိန်းမ မလှနိုင်တာကို အပြစ်တင်နေတတ်ကြတယ် . . .။ မလှတဲ့ အိမ်ထောင်ရှင်မ မရှိဘူး။ အသုံးမကျတဲ့ အိမ်ထောင်ဦးစီးပဲ ရှိပါတယ် . . .။ မိန်းမတွေများစုက အိမ်ထောင်ကျ ကလေးတွေရလာပြီဆိုရင် သူတို့စိတ်နဲ့ခန္ဓာက လင်ယောကျ်ားနဲ့ သားသမီးအတွက်ပဲ အစစရာရာ ဦးစားပေးစဉ်းစားတတ်ကြတယ်။ သူ့တို့အတွက်ကို သူတို့အချိန်ပေးဖို့ မေ့သွားတတ်ကြပါတယ် . . .။

သူတို့ကိုယ်သူတို့ အရင်ကလိုလှလှပပ မနေတော့ပဲ ဖိုတီဖတ်သပ်ဖြစ်နေရခြင်းက သူတို့ရဲ့ရင်သွေးလေတွေအတွက် ပိုက်ဆံတွေစုပြီး ကောင်းကောင်း ပြုစုပျိုးထောင်နိုင်ဖို့ အတွက်ပါ . . .။ ကိုယ့်အတွက် ဘဝတစ်ခုလုံးပုံအပ်ထားတဲ့ မိန်းမကို အလှတစ်ခုထဲကို ကြည့်ပြီး စိတ်ပျက်စရာလို့မြင်ရင်…. .အချိန်ကိုကြည့်…..အရွယ်ကိုကြည့်……တွေးရပြောရထိန်းချုပ်ရတဲ့ အရာတွေကိုကြည့်လေ …။ ၁၈နှစ်နဲ့၃၈နှစ်မတူနိုင်သလို ၁၈နှစ်အတွေးနဲ့၃၈နှစ်အတွေး ကွာဟမယ်လေ။ အိမ်ထောင်ရှင်ဇနီးတာဝန်ဝတ္တရားတွေကြီးလာလေ ။

သူတို့ရဲ့ ရုပ်ခန္ဓာကိုယ်တွေ ပျက်စီးယိုယွင်းလာလေပါပဲ။ လူပဲဘာသားနဲ့ ထုထားတာမို့လဲ အသွေးသားနဲ့ တည်ဆောက်ထားတာလေနော် …။ ယူထားတုန်းကတော့ ဆယ်ကျော်သက်/နှစ်ဆယ်ကျော်လေး ငယ်ရှိန်နဲ့လှပနုပျိုချိန် ၊ အဲဒီလိုနုပျိူမြစ်ခြင်းတွေ စားသုံးပြီး အရွယ်တွေကျလာ သားသမီးတွေမွေးပေး၊ ကိုယ့်လက်ထဲရောက်လာမှ အချိန်ကြာလာတာနဲ့အမျှ အရင်ကလ မလှမပဖြစ်လာတာ ကိုယ့်ပရောဂကြောင့်လား ဆိုတာလည်း ထည့်စဉ်းစားတတ်ရပါမယ် . . .။

ကိုယ်ယူထားတဲ့ဇနီးမယားအပေါ် ဘယ်လောက်တာဝန်ကျေခဲ့လဲ၊ အပျိုဘဝမှာ နေချင်သလိုနေ စားချင်သလိုစား လှလှပပဖြစ်နေတဲ့မိန်းမတစ်ယောက် အခုသူမ ဘာကြောင့်မလှမပဖြစ်နေရလဲ၊ သူမလှပအောင် သင်ဘယ်လောက်ပံ့ပိုးပေးနိုင်ခဲ့လဲ၊ သူမအရင်ကလိုမလှပနိုင်တော့တာ ဘာကြောင့်လဲ . . .၊ အရင်က အရမ်းစိတ်သဘောထားကောင်းတဲ့ မိန်းမတစ်ယောက်က အခုမှစိတ်မကြည်မရွှင် စိတ်ဆိုးစိတ်ကောက်ဖြစ်နေရတာ သင်ကိုယ်တိုင် မိသားစုအပေါ် တာဝန်ကျေခဲ့ရဲ့လား၊ အိမ်ထောင်ရှင် အမျိုးသားများ တရားမျှတစွာ တွေးတတ်ကြပါစေ . . .။ သင်ယူထားတဲ့မိန်းမ သင့်အတွက်အချိန်မပေးတော့ပဲ ကိုယ့်ဟာကိုယ် အချိန်ပြန်ပေးတဲ့အချိန်ကြရင် အရင်ကထက် အဆတစ်ရာ ပြန် လှလာနိုင်တယ်ဆိုတာ သင်မမေ့ပါနဲ့နော် . . .။

Author Image
admin

Leave a Reply

Your email address will not be published. Required fields are marked *